Hong Kong မှာ ဂျပန်အမျိုးသားတစ်ဦးထံကနေ ယန်းငွေ ၅၁ သန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ နီးပါးကို လုယက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ လူ ၄ ဦးကို တရားစွဲဆိုလိုက်တယ်လို့ Hong Kong ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ Hong Kong မှာ သောကြာနေ့က လုယက်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေဟာ ဂျပန်လူမျိုး ၃ ဦးနဲ့ တရုတ်လူမျိုး ၁ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီ ၄ ဦးဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူ ၆ ဦးထဲက ဖြစ်တယ်လို့ ရဲတွေက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ တရားစွဲဆိုခံထားရတဲ့ ဂျပန်လူမျိုး ၃ ဦးထဲက ၂ ဦးကို လုယက်မှုနဲ့ စွဲချက်တင်ထားပါတယ်။



