back

ပြောင်းစျေးအတက်ဖက်ဖြင့် ထိုင်းသို့အခွန်ကင်းလွတ်ခွင့်နှင့် စတင် တင်ပို့နေ

Feb 05 • 12:36 PM

breaking-news

မြန်မာ

ရှမ်း

cover

ပြောင်းစျေးအတက်ဖက်ဖြင့် ထိုင်းသို့အခွန်ကင်းလွတ်ခွင့်နှင့် စတင် တင်ပို့နေ

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းကို ယခုလဖေဖော်ဝါရီ(၂)ရက်နေ့မှ စပြီး စတင်တင်ပို့နေပြီ ဖြစ်သောကြောင့် ပြောင်းစျေးအတက်ဘက်ရောက်ရှိလာမည့် အခြေအနေရှိ...

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းကို ယခုလဖေဖော်ဝါရီ(၂)ရက်နေ့မှ စပြီး စတင်တင်ပို့နေပြီ ဖြစ်သောကြောင့် ပြောင်းစျေးအတက်ဘက်ရောက်ရှိလာမည့် အခြေအနေရှိကြောင်း ပြောင်းစိုက်တောင်သူထံမှ သိရသည်။ရှမ်းတောင်မှ ပြောင်းစျေးသည် (၁၂၀၀)မှ (၁၃၀၀)ဝန်းကျင်လောက်သာ ရှိနေခဲ့သော်လည်း ထိုင်းသို့ စတင် တင်ပို့ကာလဖြစ်သောကြောင့် ဝယ်သူများနေကြောင်း သိရသည်။ရှမ်းပြည်တောင်ပိုင်းရှိ ပြောင်းအများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ကြပြီး ယခုနှစ် ထိုင်းအစိုးရမှ ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့်ကို ဖေဖော်ဝါရီ(၁)ရက်နေ့မှ ဇွန်လအထိသာ ခွင့်ပြုထားကြောင်း သိရသည်။



news-view-count-icon

15