သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် စပိဘုတ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် အမြန်ရေယာဉ်ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံအချို့နှင့် အမြန်ရေယာဉ်လုပ်ငန်းရှင်အချို့က ပြောသည်။ပြေးဆွဲခွင့်ကို ယာယီပိတ်မည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ကို မသိရသေးဟု ၎င်းက ပြောသည်။ကားလမ်းပိတ်ချိန်တွင် ခရီးသည်များ၊ ကုန်များကို စပိဘုတ်ဖြင့် ချိတ်ဆက်ပို့ဆောင်နေသည့် ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူ မြိတ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အမြန်ရေယာဉ်ပြေးဆွဲခွင့်ကို ပိတ်လိုက်ပြီဟု ကြားသိရကြောင်း ဆိုသည်။



