ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်တွင် အွန်လိုင်းပေါ် လိုင်စင်မဲ့ကားရောင်းဝယ်နေသည့်တောင်ကြီးခရိုင်ပညာရေးရုံးမှဝန်ထမ်းနှစ်ဦးကိုဖေဖော်ဝါရီလ ၂ ရက်နေ့က ရဲအသွင်ယူဖမ်းဆီးခြင်းဖြစ်သည်။အဖမ်းခံရ လိုင်စင်မဲ့ကားပွဲစား ဝန်ထမ်းနှစ်ဦးပြန်လွတ်ရန် တောင်ကြီးခရိုင်ပညာရေးရုံး ခရိုင်မှူးဒေါက်တာ သင်းသင်းခိုင် သွားရောက်ညှိနိုင်းပေးပြီး သိန်း ၁၅၀ ဖြင့်လိုက်ထားကြောင်းသိရသည်။ ထိုပညာရေးဝန်ထမ်းနှစ်ဦးသည် လက်ကြီးသမားဖြစ်ပြီး နာမည်ကြီး ၁၀ ဦးထဲကစာရင်းပါပြီး မဖြစ်မနေဖမ်းရမည့်သူထဲပါနေကြောင်း၊ ကျော်ထွန်းနိုင် သည် လိုင်စင်မဲ့အစီးရာချီရောင်းချထားသူလည်းဖြစ်ကြောင်းသိရသည်။



