ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အရှေ့ဘက် တွင်ရှိသည့် ရွှေဘုန်းပွင့်စေတီအတက်လမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီအချိန်ခန့် ကယာဉ်တိုက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးမှုဖြစ် ပွားခဲ့ကြောင်းသိရသည်။ရွှေဘုန်းပွင့်စေတီပေါ်သို့တက်ရောက်သည့်တောင် တက်လမ်းသည် နှစ်လမ်းမောင်းဖောက်လုပ်ထား သော်လည်းတောင်တက်လမ်းကျွမ်းကျင်စွာမောင်းနှင်တတ်ခြင်းမရှိပါကယာဉ်တိုက်မှုဖြစ်ပွား တတ်သည့်အတွက်သတိပြုမောင်းနှင်ရန်လိုအပ် ကြောင်းဒေသခံများပြောကြားသည်။အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အတွင်းဆိုင်ကယ်နှင့် တိုက်မိသည့်မော်တော်ယာဉ်မှာထွက်ပြေးတိမ်းရှောင် နေကြောင်းလတ်တလောသိရသည်။



