ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖေဖော်ဝါရီ ၀၄ ရက် ညပိုင်းက အချိန်အနည်းငယ်ခြား၍ ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။အဆိုပါ ယာဉ်တိုက်မှုမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်ဖြစ်သော ယာဉ်တိုက်မှုမှာ ဗထူးလမ်းမကြီးပေါ်၊ ကျန်းမာရေးမှတ်တိုင်အနီးတွင် ဖြစ်ပွားပြီး ဘေးတွဲဆိုင်ကယ်ကို အိမ်စီးယာဉ်ငယ်မှ ဝင်တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဘေးတွဲပေါ်ပါ ခရီးသည် အမျိုးသမီးတစ်ဦးနှင့် မောင်းနှင်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ဖြစ်ပွားသောဖြစ်စဉ်မှာ စုပေါင်းရုံးအနီးတွင် YBS 23 ခရီးသည်တင်ယာဉ်တစ်စီးနှင့် လိုက်ထရပ်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးဆယ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။ထိုယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းများမှ နီးစပ်ရာ မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် လှိုင်သာယာဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တွင် တစ်ညအတွင်းအချိန်အနည်းငယ်ခြား၍ ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားကာ လူ ၁၀ ဦးထက်မနည်းဒဏ်ရာများရရှိသွား
Feb 05 • 3:19 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 42 | 0 | 0 | 0 |


