back

လစ်ဗျားအာဏာရှင် ကဒါဖီ၏ ဒုတိယသား သေနတ်သမားများပစ်ခတ်မှုကြောင့် သေဆုံး

Feb 05 • 3:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

လစ်ဗျားအာဏာရှင် ကဒါဖီ၏ ဒုတိယသား သေနတ်သမားများပစ်ခတ်မှုကြောင့် သေဆုံး

ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ၏သား ဆိုင်အယ်လ်အစ္စလာမ်ကဒါဖီမှာ လစ်ဗျားနိုင်ငံမြောက်ပိုင်း၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း လစ်ဗျားတာဝန်...

ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ၏သား ဆိုင်အယ်လ်အစ္စလာမ်ကဒါဖီမှာ လစ်ဗျားနိုင်ငံမြောက်ပိုင်း၌ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း လစ်ဗျားတာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်တွင်သတင်းထုတ်ပြန်ထားသည်။အသက်(၅၃)နှစ်အရွယ် အယ်လ်အစ္စလာမ်ကဒါဖီသည် လစ်ဗျားနိုင်ငံထရီပိုလီမြို့တော် အနောက်တောင်ဘက် ၈၅ မိုင်ခန့်အကွာတွင် တည်ရှိသောဇင်တန်းအမည်ရှိမြို့၌ သေဆုံးခဲ့ရ ခြင်းဖြစ်ကြောင်း လစ်ဗျားရှေ့နေချုပ်ရုံး တာဝန်ရှိသူများက ပြောကြားထားသည်။ပဏာမ စုံစမ်းစစ်ဆေးမှုရလဒ်များအရ အယ်လ်အစ္စလာမ်ကဒါဖီမှာသေနတ်ဖြင့် ပစ်ခတ်ခံရ မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း လစ်ဗျားတာဝန်ရှိသူများက ပြောကြားထားသော်လည်း ယင်းသို့ပစ်ခတ်သတ်ဖြတ်ခံရမှု၏နောက်ခံအကြောင်းတရားကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။အယ်လ်အစ္စလာမ်ကဒါဖီ၏ နိုင်ငံရေးအဖွဲ့မှ တာဝန်ရှိသူများ၏ အဆိုအရ မျက်နှာဖုံးစွပ် သေနတ်သမားလေးဦးတို့က နေအိမ်အတွင်း ဝင်ရောက်၍သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။



news-view-count-icon

16