ဥရောပနိုင်ငံတွေထဲမှာ နောက်ဆုံးအနေနဲ့ စပိန်က အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ဖို့အတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။ဒီပိတ်ပင်မှုအရ လွှတ်တော်အသီးသီးရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပေမဲ့လည်း လာမဲ့တပတ်အတွင်း အတည်ပြုနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။အဲဒီနောက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေဟာ သူတို့ပလက်ဖောင်းပေါ်က “တရားမဝင်တဲ့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ” ကို တာဝန်ယူရမဲ့အချက် အပါအဝင် အပြောင်းအလဲများစွာ ပြုလုပ်ထားတာ တွေ့ရပါတယ်။စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် ကတော့ ဆိုရှယ်မီဒီယာကို “စွဲလမ်းမှုတွေ၊ အလွဲသုံးစွဲမှုတွေ၊ ညစ်ညမ်းမှုတွေ၊ လွှမ်းမိုးချုပ်ကိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေ” ရှိနေတဲ့နေရာအဖြစ် ဝေဖန်လိုက်ပါတယ် “ကျနော်တို့ ကလေးတွေကို စည်းမဲ့ကမ်းမဲ့ ဒစ်ဂျစ်တယ် အန္တရာယ်ကနေ (Digital Wild West) အကာအကွယ်ပေးသွားမယ်” ဆိုပြီး ကမ္ဘာ့အစိုးရများညီလာခံမှာ ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောပါတယ်။



