တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်၏ အထူးသံတမန်ဖြစ်သူ Le Hoai Trung အား ပေကျင်းမြို့တွင် ဖေဖော်ဝါရီ ၃ ရက်က လက်ခံတွေ့ဆုံခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က CPV ၏ ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်နှင့် အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်တို့သည်လည်း မကြာမီက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေးရန် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကာ မဟာဗျူဟာမြောက် အရေးပါသည့် တရုတ်-ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်း အကောင်အထည်ဖော်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် အလွန်ကောင်းမွန်သော အနာဂတ်စီမံချက် ရေးဆွဲရမည်ကို သဘောတူညီခဲ့ကြသည်ဟု ဝမ်က ပြောသည်။
Feb 05 • 2:18 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


