စင်ကာပူနိုင်ငံတွင် ယမန်နေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်အစည်းအဝေး၌ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ရာ လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ Mobility Scooter သုံးစွဲသူများအနေဖြင့် ဆရာဝန်ထံမှ ဆေးဘက်ဆိုင်ရာ ထောက်ခံချက် လက်မှတ်ရှိမှသာ စီးနင်းခွင့်ရရှိတော့မည်ဖြစ်ကြောင်း သိရပါသည်။ ဤဥပဒေအသစ်အရ အသက် ၇၀ နှင့်အထက် သက်ကြီးရွယ်အိုများကိုမူ ဆေးစာပြသရန် မလိုအပ်ဘဲ ကင်းလွတ်ခွင့်ပြုထားသော်လည်း အခြားသော အသက်အရွယ်ရှိသူများအနေဖြင့် အမှန်တကယ် လမ်းလျှောက်ရန် အခက်အခဲရှိကြောင်း ဆေးစစ်ချက် တင်ပြနိုင်မှသာ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် စီးနင်းခွင့်ပြုမည် ဖြစ်ပါသည်။
Feb 05 • 2:17 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


