back

တရုတ်ကွန်မြူနစ်ပါတီ (CPC)နှင့် တရုတ်ကူမင်တန်ပါတီ (KMT) Think tank ဖိုရမ် ပေကျင်းမြို့တွင် ကျင်းပ

Feb 05 • 2:18 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ကွန်မြူနစ်ပါတီ (CPC)နှင့် တရုတ်ကူမင်တန်ပါတီ (KMT) Think tank ဖိုရမ် ပေကျင်းမြို့တွင် ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးသုတေသနစင်တာနှင့် တရုတ်ကူမင်တန်ပါတီ (KMT) အမျိုးသားမူဝါဒရေးရာသုတေသနဖောင်ဒေးရှ...

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးသုတေသနစင်တာနှင့် တရုတ်ကူမင်တန်ပါတီ (KMT) အမျိုးသားမူဝါဒရေးရာသုတေသနဖောင်ဒေးရှင်းတို့ အတူတကွ ကြီးမှူးကျင်းပသော CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်ကို ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်ကို “ရေလက်ကြား နှစ်ဖက် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ရာ CPC နှင့် KMT ပါတီနှစ်ရပ်မှ Think tank ပညာရှင်များနှင့် ရေလက်ကြားနှစ်ဖက်ကမ်းရှိ ခရီးသွားလာရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံနည်းပညာ၊ ဆေးကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်နယ်ပယ်များမှ ကိုယ်စားလှယ်၊ ကျွမ်းကျင်ပညာရှင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

news-view-count-icon

10