back

နေပြည်တော် အဟာရသုခစျေးတွင် ခရမ်းချဉ်သီးဈေး ဆက်လက်မြင့်တက်နေ

Feb 05 • 1:44 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် အဟာရသုခစျေးတွင် ခရမ်းချဉ်သီးဈေး ဆက်လက်မြင့်တက်နေ

နေပြည်တော် အဟာရသုခစျေးမှာ ခရမ်းချဥ်သီးစျေးနှုန်းက ဗမာသီးရော ရှမ်းသီးရော တပိဿာ ၅၀၀၀ နဲ့ ပေါက်နေပြီး လက်လီစျေးကွက်မှာတော့ ၂၅ ကျပ်သားကို ၃၀၀၀ နဲ့ ၃၅၀၀ လောက်ရောင်...

နေပြည်တော် အဟာရသုခစျေးမှာ ခရမ်းချဥ်သီးစျေးနှုန်းက ဗမာသီးရော ရှမ်းသီးရော တပိဿာ ၅၀၀၀ နဲ့ ပေါက်နေပြီး လက်လီစျေးကွက်မှာတော့ ၂၅ ကျပ်သားကို ၃၀၀၀ နဲ့ ၃၅၀၀ လောက်ရောင်းချနေတဲ့အတွက်အတွက် အကျဖက်မှာမရှိပဲနဲ့ စျေးကွက်မာနေတယ်လို့ သိရပါတယ်။"ခရမ်းချဥ်သီးက ဒီနှစ်တနှစ်လုံး စျေးမကျဘူးစိုက်တာနောက်ကျတာလည်းပါတယ်။ နောက်ကျတော့ထွက်အားနည်းတယ်။ မနှစ်ကရေကြီးထားတော့အပင်တွေ ရေတိုက်စားခံရတယ် နွမ်းပြီးခြောက်ကုန်တယ် အဲ့တော့ ထွက်အားနည်းတော့ စျေးကွက်မှာ မာနေတာပေါ့" လို့ အဟာရသုခစျေး ချောပွဲရုံ ကပြောပါတယ်။"သီးနှံက ထွက်အားများရင် စျေးကွက်ပျော့တာပေါ့ အဲ့ဒါဆိုစားသုံးသူတွေအတွက်အဆင်ပြေတာပေါ့ အခုတော့စားတော့စားကြတယ် စျေးကြီးတဲ့အခါကျတော့စားသုံးမှု နည်းတာပေါ့" လို့ ချောပွဲရုံ ပိုင်ရှင်ကဆက်ပြီးပြောပါတယ်။

news-view-count-icon

16