နေပြည်တော်ဒေသအတွင်း ယခုလိုပွင့်လင်းရာသီကာလတွင် မိသားစုလိုက် အပန်းဖြေ၊ ဘုရားဖူး ခရီးသွားမည့်သူများ ငှားရမ်းလေ့ရှိသော ယာဉ်ငယ်များမှာ ယခုအခါ ငှားရမ်းခစျေးနှုန်းများမြင့်မားနေသည့်အတွက် ခရီးထွက်လိုသူများ အနေဖြင့် အခက်တွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။“ရုံးပိတ်ရက်ရှည်လေး ကျိုက်ထီးရိုးဘုရားဖူးလေးထွက်ချင်လို့ ကားလေးငှားရမ်းခဈေးမေးမိပါတယ်၊ တစ်ရက်ကို ငါးသိန်းဆိုတော့ ကိုယ်ကအသွားအပြန်အနည်းဆုံး နှစ်ရက် သုံးရက်ကြာမှာဆိုတဲ့အခါ ကားခကတင် ၁၀သိန်း-၁၅ သိန်းလောက်အထိဖြစ်တော့ မတတ်နိုင်တော့ဘူး” ဟု ဒေသခံတစ်ဦးမှ ပြောသည်။လတ်တလောတွင် စက်သုံးဆီစျေးနှုန်းများမြင့်တက်မှုမရှိဘဲ စျေးအနိမ့်ပိုင်း၌သာ ကာလရှည်ကြာ ဖြစ်ပေါ်နေသော်လည်း လူစီးယာဉ်ငယ်အငှားလုပ်ငန်းများ၌ ငှားရမ်းခများစျေးမြင့်မားနေသည့်အတွက် စျေးသက်သာစွာဖြင့် အငှားလိုက်သော ကိုယ်ပိုင်အိမ်စီးယာဉ်များကို ငှားရမ်း၍ ခရီးသွားလာရန် ပြင်ဆင်နေသူများလည်းရှိကြောင်း သိရသည်။
Feb 05 • 1:44 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 16 | 0 | 0 | 0 |


