back

ပုဂံဒေသသို့ နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူနည်းပါးနေ

Feb 05 • 1:43 AM

breaking-news

မြန်မာ

မန္တလေး

cover

ပုဂံဒေသသို့ နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူနည်းပါးနေ

ယခုရက်ပိုင်းကာလအတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူ နည်းနေသေးကြောင်း ဒေသခံများကြားမှ သိရသည်။လမ်းခရီးလုံခြုံရေးအပေါ် ...

ယခုရက်ပိုင်းကာလအတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသို့ နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူ နည်းနေသေးကြောင်း ဒေသခံများကြားမှ သိရသည်။လမ်းခရီးလုံခြုံရေးအပေါ် စိုးရိမ်မှုများနှင့် သွားလာရခက်ခဲမှုများကြောင့် လာရောက်လည်ပတ်သူသိသိသာသာလျော့နည်း နေကြခြင်းလည်းဖြစ်ကြောင်း ဆိုကြသည်။"ဟိုတယ်တွေမှာလည်း လူသိပ်မရှိဘူး၊ ပုဂံမြို့သစ်ဖက်မှာဆို တည်းတဲ့သူ လုံးဝကိုမရှိသလောက်ပဲ၊ တစ်ခါမှ ဒီလောက်လူနည်းတာမျိုးမတွေ့ဖူးသေးဘူး"ဟု ညောင်ဦးမြို့ခံတစ်ဦးက ပြောသည်။ယခုကာလတပို့တွဲလပြည့် ရုံးပိတ်ရက်အတွင်း ပုဂံဒေသသို့လာရောက်လည်ပတ်သူ ၁၀၀ ကျော်သာရှိပြီး ည ၈ နာရီ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ အပြင်ထွက်လည်ပတ်သူမရှိတော့ကြောင်း ဒေသခံများကဆိုသည်။လမ်းခရီးသွားလာရခက်ခဲမှုအပြင် ပြန်ပေးဆွဲမှုကဲ့သို့သော ဖြစ်ရပ်အချို့ဖြစ်ပွားလာမှုများကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုလျော့နည်းခဲ့ခြင်းဖြစ်ပြီးလာမည့် ဖေဖော်ဝါရီလလယ်ပိုင်း ရက်ရှည်ရုံးပိတ်ရက်ကာလတွင်မူ ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာရန် မျှော်လင့်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

26