menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရှမ်းပြည်နယ်၊ဆီးဘူးရှိ ဆိုင်တစ်ဆိုင်တွင် လာရောက်ငွေလွှဲသူထံမှ ငွေတုတချို့တွေ့ရှိ

Feb 05 • 1:42 AM

breaking-news

မြန်မာ

ရှမ်း

မျှဝေမည်

share-news
cover

ရှမ်းပြည်နယ်၊ဆီးဘူးရှိ ဆိုင်တစ်ဆိုင်တွင် လာရောက်ငွေလွှဲသူထံမှ ငွေတုတချို့တွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအမှတ် ၂မြို့နယ်၊ ဆီးဘူးရှိ ဆိုင်တစ်ဆိုင်မှာ လာရောက်ငွေလွှဲသူထံမှ ငွေတုတချို့ရောပါလာသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရပ...

cover-photo

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသအမှတ် ၂မြို့နယ်၊ ဆီးဘူးရှိ ဆိုင်တစ်ဆိုင်မှာ လာရောက်ငွေလွှဲသူထံမှ ငွေတုတချို့ရောပါလာသည်ကိုတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ငွေလွှဲဖို့အတွက် ငွေပေးချေရာမှ တစ်သောင်းတန်အုပ်ထဲ မြန်မာငွေတစ်သောင်းကျပ်တန် ငွေစက္ကူအတု ၈ ရွက်ရောပါလာခဲ့တာဖြစ်ပါတယ်။ငွေစက္ကူအတုမှာ သာမာန်ကြည့်လိုက်ပါက ငွေစက္ကူအစစ်နဲ့ တပုံစံတည်းတူညီသော်လည်း ငွေစက္ကူအစစ်ထက် အနည်းငယ်ပါးလွှာကာ ကိုင်ကြည့်ရင် A4 စက္ကူစာရွက်ကဲ့သိုဖြစ်နေခြင်း၊ ငွေကြိုးမှာ ဆေးရိုက်ထားသကဲ့သို့ဖြစ်ကာ ပြတ်တောက်နေခြင်း၊ ဆေးသားပွန်းရာများပါဝင်နေခြင်း၊ ငွေစက္ကူဘေးထောင့်ရှိ ဗဟိုဘဏ်ရဲ့အမှတ်အသား CBM တံဆိပ်မပါဝင်ခြင်း၊

စတဲ့အချက်တွေကြောင့် ငွေစက္ကူအတုဖြစ်ကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ငွေစက္ကူအတုတွေကို လက်ခံရရှိသူဆိုင်ရှင်မှ အဆိုပါငွေစက္ကူအတုတွေကိုသက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဆီကို သိမ်းဆည်းစစ်ဆေးနိုင်ဖို့ လွှဲပြောင်းပေးထားကြောင်း သိရပါတယ်။

news-view-count-icon

12

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်း၌ မြန်မာအမျိုးသမီး ၁ ဦး၏ ဂိုထောင်တွင် ခေါင်းလျှော်ရည်နှင့် သွားတိုက်ဆေးအတု ၂ သိန်းကျော် ဖမ်းမိ

ပုဂံဒေသသို့ နယ်မြေအခြေအနေအရ လာရောက်လည်ပတ်သူနည်းပါးနေ

cover-photo
right-arrow-icon