back

ထိုင်း၌ မြန်မာအမျိုးသမီး ၁ ဦး၏ ဂိုထောင်တွင် ခေါင်းလျှော်ရည်နှင့် သွားတိုက်ဆေးအတု ၂ သိန်းကျော် ဖမ်းမိ

Feb 05 • 1:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း၌ မြန်မာအမျိုးသမီး ၁ ဦး၏ ဂိုထောင်တွင် ခေါင်းလျှော်ရည်နှင့် သွားတိုက်ဆေးအတု ၂ သိန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်၊ ဘန်ကော့မြို့နယ်ရှိ မြန်မာအမျိုးသမီး ၁ ဦး၏ ဂိုဒေါင်တစ်ခုအတွင်းတွင် အတုပြုလုပ်ထားသော ခေါင်းလျှော်ရည်နှင့် သွာ...

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်၊ ဘန်ကော့မြို့နယ်ရှိ မြန်မာအမျိုးသမီး ၁ ဦး၏ ဂိုဒေါင်တစ်ခုအတွင်းတွင် အတုပြုလုပ်ထားသော ခေါင်းလျှော်ရည်နှင့် သွားတိုက်ဆေး အခုရေ ၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ကယမန်နေ့(ဖေဖော်ဝါရီ ၄ ရက်)ထုတ်ပြန်သည်။ ၎င်းအမျိုးသမီးအား စမွတ်စခွန်၊ နာဒီမြို့နယ်ရှိ ရုံးခန်းအဖြစ် အသုံးပြုသော နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ဘန်ကော့မြို့နယ်ရှိ ဂိုဒေါင်မှ သက်သေခံပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ အဆိုပါကုန်ပစ္စည်းများသည် စံချိန်စံညွှန်းမီ ထုတ်လုပ်ထားခြင်းမရှိသဖြင့် စားသုံးသူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ၊ ပြစ်မှုကျူးလွန်သူများသည် ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန် ကုန်လှောင်ရုံနှင့် ပါဆယ်ထုတ်သည့်ရုံးခန်းကို ခွဲခြားထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ မြန်မာအမျိုးသမီးသည် ၎င်း၏ တရုတ်လူမျိုး ခင်ပွန်းဖြစ်သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝန်ခံထားပြီး ရဲတပ်ဖွဲ့အနေဖြင့် ကျန်ရှိနေသည့် တရားခံကို ဆက်လက်ဖမ်းဆီးနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း CIB ကထုတ်ပြန်သည်။

news-view-count-icon

30