စင်ကာပူနိုင်ငံ၊ Yishun မြို့နယ်တွင် နေထိုင်သည့် အသက် ၈၂ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား အဖိုးအိုတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမြန်ဆုံးကူညီ ရှာဖွေပေးကြပါရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထဲရေးဝန်ကြီး K Shanmugam အပါအဝင် မိသားစုဝင်များက အရေးပေါ် အကူအညီတောင်းခံထားကြပါတယ်။ ပျောက်ဆုံးနေသူမှာ Low Kow အမည်ရှိ အဘိုးအိုဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေ ၇ နာရီခွဲဝန်းကျင်အချိန်က Block 101 Yishun Avenue 5 အနီးတွင် နောက်ဆုံးတွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ယခုပျောက်ဆုံးနေသည့် နစ်နာသူ အဘိုးအိုသည် စကားမပြောနိုင်၊ အကြားအာရုံ မရရှိသူ (ဆွံ့အနားမကြား) တစ်ဦးဖြစ်ကြောင်း ၎င်း၏ မြေးတော်စပ်သူက လူမှုကွန်ရက်တွင် အသိပေးထားပါတယ်။ အဆိုပါ အဘိုးအို ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စင်ကာပူရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ဝန်ကြီး K Shanmugam ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိဘပြည်သူများအနေဖြင့် မျက်စိရှင်ရှင်ထားကာ ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။
စင်ကာပူတွင် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦး Yishun တွင် ပျောက်ဆုံးနေမှု ဝန်ကြီးရှန်မူဂမ်နှင့် မိသားစုဝင်များ အကူအညီတောင်းခံ
Feb 05 • 1:40 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


