back

၂၀၂၇-၂၈ ဘောလုံးရာသီမှာ လိဂ်-၁ က လေးသင်းအထိ တန်းဆင်းရန် ပြင်ဆင်နေတယ် လို့ စီအီးအို အတည်ပြုလာ

Feb 05 • 1:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၇-၂၈ ဘောလုံးရာသီမှာ လိဂ်-၁ က လေးသင်းအထိ တန်းဆင်းရန် ပြင်ဆင်နေတယ် လို့ စီအီးအို အတည်ပြုလာ

၂၀၂၇-၂၈ ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်-၁ က အသင်းလေးသင်းအထိ တန်းဆင်းဖို့ စီစဉ်ထားပြီး လိဂ်-၂ က အသင်း နှစ်သင်းသာ တန်းတက်မယ်လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအိုက ...

၂၀၂၇-၂၈ ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်-၁ က အသင်းလေးသင်းအထိ တန်းဆင်းဖို့ စီစဉ်ထားပြီး လိဂ်-၂ က အသင်း နှစ်သင်းသာ တန်းတက်မယ်လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအိုက ပြောပါတယ်။ လက်ရှိ ကျင်းပနေတဲ့ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲမှာ အသင်း ၁၂သင်းရှိပြီး လိဂ်-၂မှာတော့ အသင်း ၁၀သင်းသာ ရှိတဲ့အတွက် ကစားသမားအပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်တဲ့အချိန်နဲ့ ပွဲစဉ်ဇယားရေးဆွဲရာမှာ အခက်အခဲတချို့ ရှိတာကြောင့် အခုလို ပြောင်းလဲဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အပြောင်းအလဲအတွက် လိဂ်ကော်မတီကိုတင်ပြထားပြီး ရည်ရွယ်ပြင်ဆင်ထားတဲ့အတိုင်း ပြိုင်ပွဲကျင်းပဖြစ်မယ်ဆိုရင် ၂၀၂၈-၂၉ ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်-၁ ရော လိဂ်-၂ ပါ ၁၀သင်းစီ ညီမျှသွားမှာ ဖြစ်ပြီး လိဂ်-၂ရဲ့ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဦးစိုးမိုးကျော်က ဆိုပါတယ်။


news-view-count-icon

16