(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ အမှတ်(၃)အခြေခံပညာမူလတန်း လွန်ကျောင်းရှိ အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံ ငွေကျပ်(၅၀၈ ဒသမ ၃၆၈ သန်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ထို့နောက် ကျောင်းဆောင်သစ်အား တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက အဆောက်အဦဆိုင်ရာ စာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံလွှဲပြောင်းပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။



