back

ရခိုင်ရဟန်းတော်တစ်ပါး သီရိလင်္ကာနိုင်ငံမှာ စာပေပါရဂူ(Ph.D)ဘွဲ့‌ကို ဆွတ်ခူးရရှိ

Feb 05 • 1:37 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ရဟန်းတော်တစ်ပါး သီရိလင်္ကာနိုင်ငံမှာ စာပေပါရဂူ(Ph.D)ဘွဲ့‌ကို ဆွတ်ခူးရရှိ

သီရိလင်္ကာနိုင်ငံမှာ ရခိုင်ရဟန်းတော်တစ်ပါးဟာ စာပေပါရဂူ(Ph.D)ဘွဲ့‌ကို ဆွတ်ခူးရရှိသွားတယ်လို့ သိရပါတယ်။စာပေပါရဂူ(Ph.D)ဘွဲ့‌ရရှိသွားတဲ့ရဟန်းတော်ကတော့ ရခိုင်ပြည်၊ မ...

သီရိလင်္ကာနိုင်ငံမှာ ရခိုင်ရဟန်းတော်တစ်ပါးဟာ စာပေပါရဂူ(Ph.D)ဘွဲ့‌ကို ဆွတ်ခူးရရှိသွားတယ်လို့ သိရပါတယ်။စာပေပါရဂူ(Ph.D)ဘွဲ့‌ရရှိသွားတဲ့ရဟန်းတော်ကတော့ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မညှင်းပြင်ကျေးရွာက ခမည်းတော် ဦးမဲနက်နဲ့ မယ်တော်ဒေါ်ဝေတင်ချေရဲ့သား ဒေါက်တာ ဓနိဿရဖြစ်ပါတယ်။ဒေါက်တာ ဓနိဿရဟာ သီရိလင်္ကာနိုင်ငံက "Nãgãnanda International Instute for Buddhist Studies ကနေ "A Comparative Study of the Concept of Leadership in Buddhism and Modern Manangement" ခေါင်းစဉ်နဲ့ Ph.D ကျမ်းစာကို ရေးသားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ နောက်ဆုံးနှုတ်ဖြေ (Viva)စာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် စာပေပါရဂူ (Ph.D)ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာလို့ သိရပါတယ်။

news-view-count-icon

27