back

မန္တလေးတိုင်း၊တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၄၆ ပညာသင်နှစ် အခြေခံပညာ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးရာတွင် ကျောင်းသားကျောင်းသူ ၃၃,၁၂၉ ဦးဖြေဆို

Feb 05 • 1:35 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၄၆ ပညာသင်နှစ် အခြေခံပညာ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးရာတွင် ကျောင်းသားကျောင်းသူ ၃၃,၁၂၉ ဦးဖြေဆို

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်၊ လယ်၊ မူ(ကျောင်းတွင်းစစ်)ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံ...

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်၊ လယ်၊ မူ(ကျောင်းတွင်းစစ်)ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီက မြန်မာစာဘာသာအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃,၁၂၉ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးရာတွင် KG တန်း၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-6၊ Grade-7၊ Grade–8၊ Grade-10၊ Grade-11၊ Grade-12 စာရင်းရှိကျောင်းသား/သူ စုစုပေါင်း၃၃,၂၇၄ဦးရှိရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၃၃,၁၂၉ ဦးရှိကြောင်း သိရသည်။တံတားဦးခရိုင်တွင် တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့၌ မူလတန်းအဆင့် KG တန်းမှ Grade-4 အထိ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း၂၃,၁၄၂ဦး၊ အလယ်တန်းအဆင့် Grade-6မှ Grade–8 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၆,၈၈၃ဦး၊ အထက်တန်းဆင့် Grade-10မှ Grade-12 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၃,၁၀၄ဦး ရှိကြောင်းနှင့် ၉၉ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

news-view-count-icon

6