(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ ကော့စိန်ဘန်(အောက်)ကျေးရွာအုပ်စု ကော့သာခေါင်ကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။ကော့သာခေါင်ကျေးရွာစိုက်ဧကများသည် မိုးရာသီတွင်ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များ အလွယ်တကူသယ်ပို့ နိုင်မှုမရှိခြင်းကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ထုတ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကော့သာခေါင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများအနေဖြင့် ထုတ်ကုန်များသယ်ယူရာတွင် လျင်မြန်ချောမွေ့စွာသယ်ယူပို့ဆောင်နိုင်သည့်အပြင် လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သာခေါင်ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်
Feb 05 • 1:34 AM
မြန်မာ
ကရင်
မျှဝေမည်
| 11 | 0 | 0 | 0 |


