ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ခဲပန်းချီနှင့် ရေဆေးပန်းချီပြိုင်ပွဲတွင် သင်တန်းထူးချွန်ဆုရရှိကြသူများ၊ သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းနည်းပြတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးက စနေ၊တနင်္ဂနွေ ပိတ်ရက်(၂၅)ရက်ကြာ တက်ရောက်သင်ကြားပြီးမြောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသား၊သင်တန်းသူများ၏ ပန်းချီလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။



