back

ရခိုင်စပါးဈေး အနည်းငယ်တက်လာ

Feb 05 • 1:32 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်စပါးဈေး အနည်းငယ်တက်လာ

ရခိုင်မှာ စပါးဈေးတွေ အနည်းငယ်တက်လာနေတယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။အခုလက်ရှိမှာ နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး(ကောက်ကြီး)တောင်းတစ်ရားကို ကျပ် ကိုးသိန်းခွဲလ...

ရခိုင်မှာ စပါးဈေးတွေ အနည်းငယ်တက်လာနေတယ်လို့ လယ်သမားတွေဆီကနေ သိရပါတယ်။အခုလက်ရှိမှာ နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး(ကောက်ကြီး)တောင်းတစ်ရားကို ကျပ် ကိုးသိန်းခွဲလောက်နဲ့ ပေါ်ဆန်းမွှေး(ကောက်ချေ) တောင်းတစ်ရာကို ကျပ်ရှစ်သိန်းအထိ ဈေးရှိနေပြီး ကောက်ညှင်း(ကြက်သွေး) တောင်းတစ်ရာကို ကျပ်ငါးသိန်းလောက်ရှိနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။စပါးရိတ်သိမ်းရာသီအစပိုင်းဖြစ်တဲ့ ပြီးခဲ့တဲ့ ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရခိုင်မှာ နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး(ကောက်ကြီး) တောင်းတစ်ရာကို ကျပ်ရှစ်သိန်းလောက်၊ ပေါ်ဆန်းမွှေး(ကောက်ချေ) တောင်းတစ်ရာကို ကျပ်ခုနစ်သိန်းလောက်နဲ့ ကောက်ညှင်း(ကြက်သွေး) တောင်းတစ်ရာကို ကျပ်ခြောက်သိန်းလောက်ပဲ ပေါက်ဈေးရှိခဲ့ရာကနေ လက်ရှိမှာ အနည်းငယ်ဈေးမြင့်တက်လာတာလို့ သိရပါတယ်။ဒါပေမဲ့ စပါးလာဝယ်ကြတဲ့အခါ ဝယ်သူမှာပါလာတဲ့ နို့ဆီဗူး ၆၅ ဗူးဆံ့တဲ့တောင်းတွေနဲ့ပဲ ခြင်တွယ်ရောင်းချနေရတဲ့အတွက် လယ်သမားတွေမှာ နစ်နာမှုတွေရှိနေတယ်လို့ ကျောက်တော်မြို့နယ်က လယ်သမား ဦးကျော်ထွန်းကပြောပါတယ်။

news-view-count-icon

12