အာရှရဲ့ အကြီးဆုံး လေကြောင်းနဲ့ ကာကွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲကို စင်ကာပူနိုင်ငံမှာ စတင်ကျင်းပနေပါပြီ။ ကမ္ဘာတစ်ဝန်း မသေချာ မရေရာမှုတွေ တိုးလာနေတဲ့အကြား ဒေသတွင်းနိုင်ငံတွေဟာ သူတို့ရဲ့ ကာကွယ်ရေးဘတ်ဂျက်တွေကို တိုးမြှင့်နေကြပြီး အဓိကအားဖြင့် တိုက်လေယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေမှာ အာရုံစိုက်မှုတွေ ရှိနေပါတယ်။ Singapore Airshow ပြပွဲမှာ နိုင်ငံနဲ့ ဒေသ ၅၀ က ကုမ္ပဏီ ၁,၀၀၀ ကျော် ပါဝင်ပြသနေပါသည်။



