back

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကိုပစ်ခတ်သတ်ဖြတ်သူအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ရှေ့နေတွေ အယူခံဝင်

Feb 04 • 4:57 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကိုပစ်ခတ်သတ်ဖြတ်သူအတွက် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ရှေ့နေတွေ အယူခံဝင်

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျစေလို့ ဆုံးဖြတ်ချက် ချမှတ်ခံရသူအတွက် တရားခံရှေ့နေတွေက အယူခံဝင်ခဲ့ကြပါတယ်။...

ဂျပန်ဝန်ကြီးချုပ်ဟောင်း Abe Shinzo ကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျစေလို့ ဆုံးဖြတ်ချက် ချမှတ်ခံရသူအတွက် တရားခံရှေ့နေတွေက အယူခံဝင်ခဲ့ကြပါတယ်။ Yamagami Tetsuya ရဲ့ ရှေ့နေအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ Nara ခရိုင်တရားရုံးကို အယူခံဝင်ခဲ့ပါတယ်။ ဇန်နဝါရီလမှာ အဲဒီတရားရုံးက တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် တရားခံဟာ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့စိတ်ပျက်အားငယ်မှုကို မပြသခဲ့ပေမဲ့ အယူခံဝင်ဖို့ သဘောတူခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ လျှောက်လဲချက်တွေကို တရားရုံးက အပြည့်အဝထောက်ခံတယ်လို့ဆိုပြီး ရှေ့နေတွေက အဲဒီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဝန်ကြီးချုပ်ဟောင်း Abe ဂျပန်နိုင်ငံ အနောက်ပိုင်း Nara မြို့မှာ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်း ပြောကြားနေစဉ် သူ့ကို လက်လုပ်သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုနဲ့ Yamagami ဟာ စွပ်စွဲခံရပါသည်။ 


news-view-count-icon

3