back

ထိုင်း၊ Pattani က ဓာတ်ဆီဆိုင်မှာ ဗုံးကွဲပြီး ဗုံးရှင်းလင်းရေး အရာရှိ ဒဏ်ရာရ

Feb 04 • 4:54 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း၊ Pattani က ဓာတ်ဆီဆိုင်မှာ ဗုံးကွဲပြီး ဗုံးရှင်းလင်းရေး အရာရှိ ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ Pattani ပြည်နယ်က PTT ဓာတ်ဆီဆိုင်တစ်ခုမှာ သံသယရှိသူတွေက သန့်စင်ခန်းအတွင်း ဗုံးလာရောက်ထောင်ထားတယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ...

ထိုင်းနိုင်ငံ၊ Pattani ပြည်နယ်က PTT ဓာတ်ဆီဆိုင်တစ်ခုမှာ သံသယရှိသူတွေက သန့်စင်ခန်းအတွင်း ဗုံးလာရောက်ထောင်ထားတယ်လို့ ယူဆရတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဖောက်ခွဲရေးပစ္စည်း ရှင်းလင်းရေး (EOD) အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီနေရာကို အမြန်ဆုံး သွားရောက်ထိန်းချုပ်ကာ ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

Mueang Pattani ခရိုင်၊ Talubo မြို့နယ်ခွဲ၊ Talubo လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဓာတ်ဆီဆိုင်က သန့်စင်ခန်းမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာနေရာမှာ ဆက်လက်နေရာယူထားပြီး အနီးဝန်းကျင်တဝိုက်ကို အသေးစိတ် ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေပါသည်။



news-view-count-icon

17