back

ချင်းမိုင်ကို ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန် UNESCO လေ့လာရေးအဖွဲ့ စေလွှတ်မည်

Feb 04 • 4:53 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်ကို ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရန် UNESCO လေ့လာရေးအဖွဲ့ စေလွှတ်မည်

ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စကို (UNESCO) က လာမဲ့ ဇွန်လထဲမှာ လေ့လာရေးအဖွဲ့တဖွဲ့ စေလွှတ်သွားဖို...

ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ ယူနက်စကို (UNESCO) က လာမဲ့ ဇွန်လထဲမှာ လေ့လာရေးအဖွဲ့တဖွဲ့ စေလွှတ်သွားဖို့ ရှိနေတယ်လို့ Khaosod သတင်းမှာ ဖေဖော်ဝါရီ ၃ ရက်က ဖော်ပြပါတယ်။ လတ်တလော ယူနက်စကိုအဖွဲ့က စစ်ဆေးသွားမဲ့ နေရာတွေထဲမှာတော့ အဓိက ဘုရားကျောင်း ၇ ကျောင်းဖြစ်တဲ့ ဝပ်ချင်းမန်၊ ဝပ်ဖရာဆင်း၊ ဝပ်စေတီလုံ၊ ဝပ်ဖရာဓာတ်ဒွိုင်စုထက်၊ ဝပ်ဆွမ်းဒေါ့၊ ဝပ်ချက်ယော့၊ ဝပ်အူမုံနဲ့ သမိုင်းဝင် မြို့ကွက်ပုံစံ (မြို့တံခါး ၅ ခု၊ ထောင့်ခံတပ် ၄ ခုနဲ့ ရှေးဟောင်းကျုံး) တို့ ပါဝင်မယ်လို့ သိရပါတယ်။ လာမဲ့ဇွန်လစစ်ဆေးမှုက စီစဉ်ထားတဲ့အတိုင်း ဖြစ်မြောက်ခဲ့ရင်တော့ တရားဝင်ဆုံးဖြတ်ချက်ကို အခုနှစ်နှောင်းပိုင်းမှာ သိရှိရဖို့ မျှော်လင့်ရတယ်လို့ ဆိုပါသည်။




news-view-count-icon

7