back

ထိုင်းအစိုးရက ချင်းရိုင်ကို မြန်မာ၊ လာအို၊ တရုတ်နဲ့ အဓိကကုန်သွယ်ရေး နေရာဖြစ်အောင်လုပ်ဆောင်မည်

Feb 04 • 4:52 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက ချင်းရိုင်ကို မြန်မာ၊ လာအို၊ တရုတ်နဲ့ အဓိကကုန်သွယ်ရေး နေရာဖြစ်အောင်လုပ်ဆောင်မည်

ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (DFT) က ချင်းရိုင်ကို အထက်မဲခေါင်ဒေသခွဲအတွက် အဓိက ကုန်သွယ်ရေးဗဟိုချက်အဖြစ် တရားဝင် သတ်မှတ်လိုက်ပါတယ်။ ဒီမဟာဗျူဟာမြောက် ခြေလ...

ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (DFT) က ချင်းရိုင်ကို အထက်မဲခေါင်ဒေသခွဲအတွက် အဓိက ကုန်သွယ်ရေးဗဟိုချက်အဖြစ် တရားဝင် သတ်မှတ်လိုက်ပါတယ်။ ဒီမဟာဗျူဟာမြောက် ခြေလှမ်းဟာ ထိုင်းနိုင်ငံကို မြန်မာ၊ လာအို နဲ့ တရုတ်နိုင်ငံတွေနဲ့ ချိတ်ဆက်ပေးမယ့် ဗဟိုအချက်အချာ နေရာတစ်ခုအဖြစ် ပြောင်းလဲပေးမှာဖြစ်ပြီး ဒေသတွင်း နယ်စပ်စီးပွားရေးနဲ့ ကမ္ဘာ့ဈေးကွက်ကို ပေါင်းကူးပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ချင်းရိုင် နယ်စပ်ကုန်သွယ်ရေးပြပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၆ ရက်အထိ ကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီပွဲမှာ ဒေသထွက်ကုန် ပြခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသမှာဖြစ်သလို လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကြား တိုက်ရိုက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးတွေနဲ့ တရုတ်ဈေးကွက်ဆိုင်ရာ ဆွေးနွေးပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါသည်။



news-view-count-icon

8