တာချီလိတ်မြို့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော (၇၉)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အခမ်းအနားဖွင့်လှစ်ခြင်း၊ မီတာ ၅၀ (အသွားအပြန်) မီတာ ၁၀၀ ကျား/မ အပြေးပြိုင်ပွဲ၊ မောင်းတီး၊ လွန်ဆွဲ၊ ခေါင်းဦးရိုက်၊ ချောထိုင်တတ်ပွဲတို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တစ်နေ့လုံးပြိုင်ပွဲများကျင်းပခြင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက် ၆ နာရီမှာ သံဃာတော်များ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်ပြီး နံနက် ၈ နာရီမှာ ရှမ်းပြည်နယ်နေ့အခမ်းအနား သဝဏ်လွှာဖတ်ကြားခြင်းကိုကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။အဲဒီနောက် ညပိုင်းတွင် ပြိုင်ပွဲဝင် နှင့် အားကစားသမားများအား ဆုချီးမြှင့်ခြင်းနှင့် ညပိုင်း အကနှင့် သီဆိုဖျော်ဖြေရေးအစီအစဥ်များထည့်သွင်းသွားမှာဖြစ်ပြီး အားကစား နှင့် ပြိုင်ပွဲများအတွက် တစ်ရွာလျှင် တစ်ဖွဲ့နှုန်းနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လာရောက်စာရင်းလာသွင်းပေးနိုင်ကြောင်းနှင့် ဆက်သွက်လိုပါက ကိုစိုင်းထွေး 09 439979473 ကိုစိုင်းတူး 09 699415962 ဆက်သွယ်နိုင်ကြောင်းသိရသည်။



