back

ဟံသာဝတီယူနိုက်တက်အတွက် အချိုမြိန်ဆုံး သရေတစ်မှတ်ဖြစ်ခဲ့သော်ငြား အခါးသီးဆုံး သရေတစ်မှတ်ကိုသာ ပိုင်ဆိုင်ခဲ့ရသည့် ISPE

Feb 04 • 1:45 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဟံသာဝတီယူနိုက်တက်အတွက် အချိုမြိန်ဆုံး သရေတစ်မှတ်ဖြစ်ခဲ့သော်ငြား အခါးသီးဆုံး သရေတစ်မှတ်ကိုသာ ပိုင်ဆိုင်ခဲ့ရသည့် ISPE

Myanmar National League 2025-26 Week-16 အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်မှာ နောက်ဆုံးမိနစ်အပိုင်းအခြာ...

Myanmar National League 2025-26 Week-16 အဖြစ် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ပွဲစဉ်မှာ နောက်ဆုံးမိနစ်အပိုင်းအခြားအထိ ရင်တမမဖြင့် စောင့်ကြည့်ခဲ့ရသည့်ပွဲစဉ်ဖြစ်ခဲ့သည်။ISPE အသင်းသည် ယနေ့ပွဲတွင် ၉၀+၈ မိနစ်အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်ခွင့်ရခဲ့သည့်နည်းတူ ယင်းမတိုင်မီတွင် ဂိုးသမားနှင့်တစ်ဦးချင်း အနေအထားဖြင့် ကန်သွင်းခွင့်ရသည့် အပိုင်အခွင့်အရေး နှစ်ကြိမ်ထက်မနည်း ရရှိခဲ့သည်။ သို့သော် အဆိုပါ အခွင့်အရေးများအား အသုံးမချနိုင်ခဲ့သည့်အပြင် ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် ပြိုင်ဘက်အသင်း၏ ထောင့်ကန်ဘောအား ဖျက်ထုတ်ရင်းမှ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ရာ ပွဲအပြီး အခါးသီးဆုံး သရေတစ်မှတ်ကို ရင်ဝယ်ပိုက်ခဲ့ရသည်။




news-view-count-icon

18