back

ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးခဲ့

Feb 04 • 1:43 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးခဲ့

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ် ၂ အိမ်မှ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင် ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ တစ်ဦးသေဆု...

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ် ၂ အိမ်မှ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင် ပေါက်ကွဲတဲ့ဖြစ်စဉ်မှာ တစ်ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ဒဏ်ရာပြင်းထန်တာကြောင့် ကလေးတစ်ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကျန် ၃ ဦး လက်ရှိသိန္နီဆေးရုံမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။

ကလေးငယ်အားလုံးက ယောင်္ကျားလေးတွေဖြစ်ပြီး သေဆုံးသွားတဲ့ကလေးငယ်ကို မနေ့ည ဆေးရုံကနေ အိမ်ပြန်ခေါ်လာတာဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက် ဒီနေ့ မီးရှို့သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။





news-view-count-icon

7