back

မဲနယ်တောင်ဒေသ တွင် ဆရာဝန် ဟုဆိုပြီး လိမ်လည်ဆေးကုသမှုရှိနေ

Feb 04 • 12:27 PM

breaking-news

မြန်မာ

ရှမ်း

cover

မဲနယ်တောင်ဒေသ တွင် ဆရာဝန် ဟုဆိုပြီး လိမ်လည်ဆေးကုသမှုရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသဘက်တွင် ဆရာဝန်ဟု ဆိုပြီး ဒေသခံများကို လိမ်လည်ဆေးကုသနေကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာဝန်ဟုဆိုသူများသည် က...

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသဘက်တွင် ဆရာဝန်ဟု ဆိုပြီး ဒေသခံများကို လိမ်လည်ဆေးကုသနေကြောင်း သတင်းရရှိသည်။ အဆိုပါ ဆရာဝန်ဟုဆိုသူများသည် ကျေးရွာဒေသခံများကို ဘုန်းကြီးကျောင်းတွင် လူစုဝေးခိုင်းပြီး၊ ကျေးလက်ကျန်းမာရေး စစ်ဆေးပေးမည်ဟုဆိုပြီး အဖြူရောင် စက်တလုံးပေါ် လက်တင်ခိုင်းခဲ့သည်။ ထို့နောက် ကျေးရွာ ဒေသခံများထံ စစ်ဆေးခ ငါးသောင်းကျပ်နှင့် သောက်ဆေးယူမည်ဆိုလျှင် ကျပ်သုံးသိန်း ကုန်ကျမည်ဟု ပြောသည်။ အဆိုပါ မဲနယ်တောင်ဒေသ မှ ပြည်သူများကို စစ်ဆေးပေးသည့် စက်သည် QRMA (Quantum Resonance Magnetic Analyzer) 9G ဟု ခေါ်သည့် ရောဂါအစိတ်ပိုင်းများ၏ အခြေအနေကို ခန့်မှန်းချက်အနေဖြင့် ထုတ်ပြန်ပေးသည့် စက်ဖြစ်သည်။ထိုစက်ကို ကျေးရွာအတွင်း လာရောက်သည့် ဆရာဝန်များက ဓာတ်မှန်ရိုက်စက်ဟု ဆို၍ ဓာတ်မှန်ရိုက်ပေးကာ ကျန်းမာရေး အချက်အလက်များကို တိကျစွာ ဖော်ထုတ်နိုင်သည်ဟု ပြောဆိုသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။အဆိုပါ QRMA စက်သည် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ သွေးလှိုင်းစသည့် အခြေအနေ ခန့်မှန်းချက်ကို သာထုတ်ပေးသောကြောင့် ဆေးရုံနှင့် ဆေးခန်းတွင်သာ သေချာစွာ စစ်ဆေးပြီးမှသာ လက်ခံယုံကြည်သင့်ကြောင်း ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦးက ပြောသည်။




news-view-count-icon

6