back

မကွေးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

Feb 04 • 12:26 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မကွေးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာနေ ဒေါ်အေးသန္တာကျော်(၃၀)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ...

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရွာနေ ဒေါ်အေးသန္တာကျော်(၃၀)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မိကျောင်းရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံး/သုံလုံးထီလောင်းကစား ပြုလုပ်ရာတွင် အသုံးပြု သည့် လက်ကိုင်ဖုန်း တစ်လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အေးသန္တာကျော် အား မိကျောင်းရဲ နယ်မြေရဲစခန်း (ပ)၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် လည်းကောင်း။ အလားတူ မွန်းတည့် ၁၂ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ဦးအာကာမင်းသူ (၃၀)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ၎င်းနှင့်အတူ တစ်ရပ်ကွက်တည်းနေ ကိုမင်းမင်းဆန်း(၁၉)နှစ်နှင့် (ဆ)ရပ်ကွက်နေ မသီတာအေး (၃၀)နှစ်တို့အား တွေ့ရှိရပြီး ၎င်းတို့ထံမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာ တွင် အသုံးပြုသည့် ကွန်ပျူတာ ၃ လုံး၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အာကာမင်းသူ၊ မင်းမင်းဆန်းနှင့် မသီတာအေး တို့အား စက်မှုနယ်မြေရဲစခန်း(ပ)၂၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က)ဖြင့် လည်းကောင်း။ထို့အတူ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်နေ ကိုဝေယံထွန်း(၂၄)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဝေယံထွန်းအား တပ်ကုန်းမြို့မရဲစခန်း (ပ)၁၁/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။




news-view-count-icon

17