YPS နှင့် G&G နှစ်ဖက်ကြားရှိ နည်းပညာဆိုင်ရာ ပြုပြင်မှုများ ပြုလုပ်နေသဖြင့် လက်တလောအချိန်ကာလတွင် G &G အရောင်းဆိုင်များ နှင့် Capital အရောင်းဆိုင်များ၌ YPS ငွေဖြည့်ဝန်ဆောင်မှုကို ခေတ္တရပ်ထားမည်ဖြစ်ကြောင်း Yangon Payment Services (YPS) က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ငွေဖြည့်ဝန်ဆောင်မှုသာ ရပ်နားထားခြင်းဖြစ်ပြီး YPS ကဒ်ဝယ်ယူခြင်း ဝန်ဆောင်မှုကိုသာ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိ YPS ကဒ်ဝယ်ယူခြင်းနှင့် ငွေဖြည့်ခြင်း ဝန်ဆောင်မှုများကို လက်တလောရယူနိုင်သောနေရာများမှာ
YPS အရောင်းကောင်တာများနှင့် အခြားသတ်မှတ်ထားသည့်နေရာများတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။



