ဟိုပန်မှာ မီတာတစ်ယူနစ်ကို ယွမ် ၁ ကျပ် (ငါးရာကျော်) နှုန်းနဲ့ အားလုံးတန်းတူ ကောက်ခံသွားမယ်လို့ သိရပါတယ်။ဝ" ဒေသ UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့မှာ လျှပ်စစ်မီး တစ်ယူနစ်ကို ယွမ် ၁ ကျပ် (ငါးရာကျော်) နှုန်းနဲ့အားလုံးတန်းတူ ကောက်ခံသွားမှာဖြစ်တယ်လို့ သေတွင်းသတင်းရင်းမြစ် WNL က သိရတာပါ။အဲ့ဒီသတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ၄ လမတိုင်ခင်ကတည်းက ရပ်ကွက် အစည်းအဝေးတွေမှာ ထည့်သွင်း ပြောဆိုခဲ့ပြီး အခုနှစ်ထဲ အကောင် အထည်ဖော် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ရပ်ကွက်တစ်ချို့တွေစနေပြီပေါ့နော်။ အရင်ဆုံး မီတာဘောက်တွေကို အိမ်တိုင်းလိုက်စစ်မယ်။ ပြီးရင်တော့ တစ်ယူနစ်ကို ၁ ကျပ်နှုန်းနဲ့ သတ်မှတ်ကောက် ခံသွားမှာပေါ့။ မီတာဘောက်စစ်ရတဲ့အကြောင်းရင်းက တစ်ချို့က ဖြတ်လမ်းနဲ့ ခိုးသွယ်ပြီး ဆင့်ပွားတွေရှိတယ်လေ။ အဲ့လိုမျိုးမိရင်တော့ ဒဏ်ငွေရိုက်တယ်" တယ်လို့ ဟိုပန်ဒေသခံတစ်ဦးက WNL ပြောထားပါတယ်။ဟိုပန်မှာ အရင်က မီတာတစ်ယူနစ်ကို ယွမ် ၂ ကျပ် (၁ ထောင်ကျော်) ပေးရပြီး အစိုးရဝန်ထမ်း ၊ ဌာနဆိုင်ရာအလိုက် သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရကာ လတ်တလောတော့ မခွဲခြားပဲ အားလုံးတန်းတူ ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။အခုလို မီတာယူနစ်ခတွေ လျော့ကောက်လိုက်တာကြောင့် လက်လုပ်လက်စား ပြည်သူတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေအတွက် အဆင်ပြေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝ" ဒေသ UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မှာ မီတာတစ်ယူနစ်ကို ယွမ် ၁ ကျပ် (ငါးရာကျော်) နှုန်းနဲ့ အားလုံးတန်းတူ ကောက်ခံသွားမယ်
Feb 04 • 7:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


