back

ရုရှားဒရုန်းကြောင့် ယူကရိန်းအရှေ့တောင်ပိုင်းတွင် ၂ ဦးသေဆုံး

Feb 04 • 7:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားဒရုန်းကြောင့် ယူကရိန်းအရှေ့တောင်ပိုင်းတွင် ၂ ဦးသေဆုံး

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Zaporizhia မြို့ကို ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် လူနှစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရ...

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Zaporizhia မြို့ကို ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် လူနှစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့်အထပ်မြင့်တိုက်ခန်းလေးခန်း ပျက်စီးသွားတယ်လို့သိရပါတယ်။ နောက်ဆက်တွဲ လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ကို ကြေညာပြီးနောက် Zaporizhia(ဇပိုရေးရိရှာ)ဒေသမှာ၂၄နာရီကြာသတိပေးချက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ဟာ ၄ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အပူတပြင်း ကြားဝင်ညှိနှိုင်းပေးနေပြီး တိုးတက်မှုတွေ ရှိနေပေမယ့် နယ်မြေခွဲခြမ်းရေးလို ကိစ္စတွေမှာ မပြီးပြတ်နိုင်ဘဲ ကြန့်ကြာနေပြီး အခုလိုတိုက်ပွဲတွေ ဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။


news-view-count-icon

18