back

ရှမ်းပြည်နယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ

Feb 04 • 6:53 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ၊ ဟိုက်ပုကျေးရွာအနီးမှာာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦးကို လုပ်ငန...

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ၊ ဟိုက်ပုကျေးရွာအနီးမှာာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေကက လိုအပ်တဲ့ လေကြောင်းကင်းထောက်တာ ၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်တာနဲ့ နယ်မြေရှင်းလင်းတာတွေကို ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၃ ရက် မနက် ၇ နာရီ ခန့်အချိန် မိုင်းရယ်မြို့ရံ့ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီးအရောက်မှာ မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို တွေ့ရှိတာကြောင့် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ဆောင်နေတဲ့ နေရာဖြစ်တာကို တွေ့ရှိရပြီး အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး ၊ အမျိုးသမီး ၉ ဦး ၊ စုစုပေါင်း ၃၃၀ ဦးတို့နဲ့အတူ မိုးကာအစိမ်းစတွေနဲဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၁၅ လုံး ၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၀ လုံး ၊ အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ မီးစက် ၂ လုံး ၊ ဖုန်းမျိုးစုံ ၂၀၈ လုံး ၊ ALL - IN - ONE ကွန်ပြူတာ ၈၆ လုံး ၊ LAPTOP ၇ လုံး ၊ STAR LINK ၂၃ လုံး ၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။သိမ်းဆည်းရမိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာဖြစ်ကာ နောက်ကွယ်မှ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


news-view-count-icon

15