မနေ့ညပိုင်းဖေဖော်ဝါရီလ(၃)ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်တွေအနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေက ပုဂံမှာလည်းအနည်းငယ်လှုပ်ခတ်သွားတယ်လို့ ပုဂံဒေသခံတွေထံမှသိရပါတယ်။
ပုဂံကို ချစ်မြတ်နိုးသူတွေ၊ထိန်းသိမ်းတဲ့သူတွေအနေနဲ့ ပုဂံဘုရားတွေကိုစိုးရိမ်တယ်လို့ ဖော်ပြထားကြပါတယ်။ ပုဂံဒေသနေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝိတ်ကတော့ ‘’ည(၁၀)နာရီကျော်က လှုပ်တာ။ နည်းနည်းစီလှုပ်တာသိလိုက်တာပါပဲ။ နည်းနည်းပါပဲ။ပိတော့ပိလိုက်ရတာပေါ့။ ပိရုံလေးပိတယ်။ မပြင်းထန်ပါဘူး။ ဘုရားတွေလည်း ထိတယ်လို့တော့မကြားသေးဘူး။မထိလောက်ပါဘူး။မများပါဘူး။ပါးပါးလေးပါ”လို့ပြောကြားထားပါတယ်မြောက်ဦးရှေးဟောင်းနယ်မြေထဲမှာတော့ထိခိုက်ပျက်စီးမှုတွေရှိမရှိမသိရသေးဘဲ မြောက်ဦးအမွေအနှစ်တွေထိခိုက်မှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။


