back

မြန်မာ့လက်ဖက်အစိုစားသုံးမှု’ကို မတ်လနောက်ဆုံးထားပြီးကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမည်

Feb 04 • 6:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာ့လက်ဖက်အစိုစားသုံးမှု’ကို မတ်လနောက်ဆုံးထားပြီးကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမည်

‘မြန်မာ့လက်ဖက်အစိုစားသုံးမှု’ယဉ်ကျေးမှုကို လာမယ့်မတ်လနောက်ဆုံးထားပြီးယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ရှိတယ်လို့ သိ...

‘မြန်မာ့လက်ဖက်အစိုစားသုံးမှု’ယဉ်ကျေးမှုကို လာမယ့်မတ်လနောက်ဆုံးထားပြီးယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့ရှိတယ်လို့ သိရပါတယ်။

ဒီနှစ်ရဲ့မတ်လမှာ ကျွန်မတို့က အပြီးတင်ရမှာပါ။သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ရမှာပါ။နိုင်ငံခြားရေးဝန်ကြီးဌာနကနေယူနက်စကိုပဲရစ်ကိုလှမ်းပို့ရမှာဖြစ်တော့ဒါကမတ်လအပြီးပို့ရမှာဖြစ်တော့ ကျွန်မတို့ လူမှုအဖွဲ့အစည်းဘက်ကနေပူးပေါင်းပြီးတော့ လုပ်ရတာတွေကို ဖေဖော်ဝါရီလ(၂၈)ရက်မှာနောက်ဆုံးထားပြီးတော့ ပေးပို့မှာ ဖြစ်ပါတယ်”လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန္ဒာခင်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ယူနက်စကိုမှာတင်သွင်းဖို့အတွက်လက်ဖက်အစိုစားသုံးမှုနဲ့ပတ်သက်လို့ တိုင်းရင်းသားအသီးသီး စားသုံးတာတွေ၊ ဘယ်အချိန်ကတည်းက စားသုံးတာတွေစတဲ့အကြောင်းအရာတွေ၊ တစ်နိုင်ငံလုံးကတိုင်းရင်းသား၊အခြေခံလူတန်းစားတွေ အမျိုးမျိုးကျားမဘာသာမရွေး၊သံဃာတော်တွေပါတယ်။သူတို့တွေသိပါတယ်၊သဘောတူပါတယ်ဆိုတဲ့ ရေးသားတင်ပေးတာ၊ ဗီဒီယိုကလစ်တွေကိုရိုက်ကူးတာ၊ ဓာတ်ပုံတွေရိုက်ကူးတာတွေဆောင်ရွက်စုဆောင်းနေပြီး အခုဖေဖော်ဝါရီလမှာတော့ ‘မြန်မာ့လက်ဖက်ပွဲတော်’ကျင်းပပြီးလိုအပ်တာတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

news-view-count-icon

18