ထိုင်းနိုင်ငံသားများအတွက်သီးသန့် အလုပ်အကိုင်နေရာ မှာ ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသား ၄ ဦးနဲ့ ဗီယက်နမ် ၁ ဦး ဥပဒေချိုးဖောက်မှု ဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။အလုပ်သမား ၊ အိမ်အကူ အလုပ်လုပ်ခွင့်လက်မှတ် တွေ ပိုင်ဆိုင်ထား ပေမယ့်လည်း ခွင့်ပြုချက်မရှိ တဲ့ လုပ်ငန်း တွေ မှာ အလုပ်လုပ်ကိုင်နေတာကြောင့် "အလုပ်လုပ်ခွင့်မရှိဘဲ နိုင်ငံခြားသားများကို အလုပ်ခန့်ထားခြင်း" ဟူတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရသူ တွေ မှာ ပန်းရောင်းနေတဲ့ မြန်မာအမျိုးသမီး သုံးဦး၊ လတ်ဆတ်သောငါး တွေ ရောင်းချနေတဲ့ မြန်မာအမျိုးသားတစ်ဦးနဲ့ အစပ်သုပ် တွေ ရောင်းချနေတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦး တို့ပါဝင်တယ်လို့သိရပါတယ်။နိုင်ငံခြားသားလုပ်သားများ စီမံခန့်ခွဲမှုအက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုတစ်ရပ်အဖြစ် သတ်မှတ်ခံရပြီး ဥပဒေနဲ့ အညီ အပြည့်အဝအရေးယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။



