back

ဗြောသံဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆု ရေပန်းစားနေသည့် ဇော်ဝင်းနိုင်(မန်း)

Feb 04 • 6:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဗြောသံဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆု ရေပန်းစားနေသည့် ဇော်ဝင်းနိုင်(မန်း)

ဒါရိုက်တာ ဩရသ ပုံဖော်ရိုက်ကူးထားသည့် ဗြောသံဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုကို ဇော်ဝင်းနိုင်(မန်း)က ရေပန်းစားနေသည်။ဗြောသံ ရုပ်ရှင်ဇာတ်ကားကြီးသည် မြန်မာ့ရိုးရာ ရ...

ဒါရိုက်တာ ဩရသ ပုံဖော်ရိုက်ကူးထားသည့် ဗြောသံဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ဆုကို ဇော်ဝင်းနိုင်(မန်း)က ရေပန်းစားနေသည်။ဗြောသံ ရုပ်ရှင်ဇာတ်ကားကြီးသည် မြန်မာ့ရိုးရာ ရှင်ပြုအလှူတော်ကို အခြေခံပြု ရိုက်ကူးထားသည့် ဘဝသရုပ်ဖော်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေး၏ တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။ဇော်ဝင်းနိုင်(မန်း)သည် မြန်မာ့ဗီဒီယိုနှင့် ရုပ်ရှင်လောကတွင် ဇာတ်ပို့သရုပ်ဆောင်အဖြစ် လူသိများသူဖြစ်ပြီး ဗီဒီယိုခေတ်ဦးမှစတင်ကာ သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် “ဘိသိက်ပြိုင်” အပါအဝင် ဗီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားများတွင်လည်း ဇာတ်ပို့အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်သူဖြစ်ပြီး၊ အချို့ဗီဒီယိုများတွင် ပီပြင်စွာမျက်ရည်ကျအောင် သရုပ်ဆောင်နိုင်ခဲ့သည်။


news-view-count-icon

34