back

ပင်လောင်းတွင် တံမြက်စည်းပင် ဈေးကောင်းရသဖြင့် ရှာဖွေခုတ်‌ရောင်းသူ များပြား

Feb 04 • 5:22 AM

breaking-news

မြန်မာ

ရှမ်း

cover

ပင်လောင်းတွင် တံမြက်စည်းပင် ဈေးကောင်းရသဖြင့် ရှာဖွေခုတ်‌ရောင်းသူ များပြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဒေသတွင် ယခုနှစ် တံမြက်စည်းပင် (တံမြက်စည်းမြက်) ဈေးကောင်းရရှိနေသဖြင့် ဒေသခံများ တောတောင်များအတွင်း ရှာဖွေ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဒေသတွင် ယခုနှစ် တံမြက်စည်းပင် (တံမြက်စည်းမြက်) ဈေးကောင်းရရှိနေသဖြင့် ဒေသခံများ တောတောင်များအတွင်း ရှာဖွေခုတ်ယူရောင်းချသူ များပြားလျက်ရှိသည်။ ရန်ကုန်နှင့် မန္တလေးမှ ပွဲစားများက တံမြက်စည်းအစို ၃၆ လက်မ တစ်ထုံးလျှင် ၁၅,၀၀၀ ကျပ် (သို့မဟုတ်) တစ်ပိဿာလျှင် ၁,၂၀၀ ကျပ် ဖြင့် လာရောက်ဝယ်ယူနေကြခြင်းဖြစ်သည်။ ပေါင်းလောင်းမြစ်ဘေးနှင့် တောင်တန်းတစ်လျှောက် ညအိပ်ရှာဖွေသူများပင် ရှိနေပြီး၊ စိုက်ပျိုးရေးထွက်ကုန်များ ဈေးမကောင်းသည့်အပြင် အလုပ်အကိုင် ရှားပါးသည့် နွေရာသီကာလတွင် ယခုကဲ့သို့ တံမြက်စည်းပင် ဈေးကောင်းရခြင်းက ဒေသခံများ၏ စားဝတ်နေရေးအတွက် အဆင်ပြေစေကြောင်း သိရှိရပါသည်။

news-view-count-icon

15