back

ပြည်ထောင်စုနေ့အခမ်းအနားအတွက် အစမ်းလေ့ကျင်မည့်နေ့ နှင့် ကျင်းပမည့်နေ့အထိ ခေတ္တလမ်းပိတ်ထားမည့်နေရာများ အသိပေး

Feb 04 • 5:16 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ပြည်ထောင်စုနေ့အခမ်းအနားအတွက် အစမ်းလေ့ကျင်မည့်နေ့ နှင့် ကျင်းပမည့်နေ့အထိ ခေတ္တလမ်းပိတ်ထားမည့်နေရာများ အသိပေး

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ရာ အစမ်းလေ့ကျင့်မည့် ဖေဖော်ဝါရီ ၁၀ ရက် နှင့် အခမ်းအနားကျင်းပမည့် ဖေဖော်ဝါ...

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ရာ အစမ်းလေ့ကျင့်မည့် ဖေဖော်ဝါရီ ၁၀ ရက် နှင့် အခမ်းအနားကျင်းပမည့် ဖေဖော်ဝါရီ ၁၂ ရက် တို့တွင် အခမ်းအနားပြီးဆုံးသည်အထိ ပြည်လမ်း ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ လမ်းပိတ်ထားစဉ်အတွင်း မြောက်မှတောင်သို့ လာသောယာဉ်များသည် မြေနီကုန်းမီးပွိုင့်မှ အောက်ကြည့်မြင်တိုင်လမ်း သို့လည်းကောင်း၊ တောင်မှမြောက်သို့ လာသောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်း၊ ခရေပင်လမ်းနှင့် အလုံလမ်းတို့မှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်း သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ကြရန် ညွှန်ကြားထားပါသည်။

news-view-count-icon

60