back

မူးယစ်ဆေးဝါး တစ်တန်ခွဲ မှောင်ခိုကူးသူ ၈ ဦးအား ကမ္ဘောဒီးယား တစ်သက်တစ်ကျွန်းချ

Feb 04 • 5:07 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

မူးယစ်ဆေးဝါး တစ်တန်ခွဲ မှောင်ခိုကူးသူ ၈ ဦးအား ကမ္ဘောဒီးယား တစ်သက်တစ်ကျွန်းချ

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်းက ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး တစ်တန်ခွဲ မှောင်ခိုကူးမှုဖြင့် တရားစွဲဆိုခံထားရသူ နိုင်ငံခြားသား ၈ ဦးအား ဖနွမ်ပင်တရားရ...

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်းက ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး တစ်တန်ခွဲ မှောင်ခိုကူးမှုဖြင့် တရားစွဲဆိုခံထားရသူ နိုင်ငံခြားသား ၈ ဦးအား ဖနွမ်ပင်တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့် တစ်ဦးလျှင် ဒေါ်လာတစ်သိန်းစီ ဒဏ်ငွေချမှတ်လိုက်သည်။ ပြစ်ဒဏ်ကျခံရသူများတွင် တရုတ်နိုင်ငံသား ၆ ဦး၊ ထိုင်ဝမ်သား ၁ ဦးနှင့် အင်ဒိုနီးရှားသား ၁ ဦးတို့ ပါဝင်ပြီး ၎င်းတို့သည် လာအိုနိုင်ငံမှတစ်ဆင့် ကက်တမင်းနှင့် မက်သာဖက်တမင်း တစ်တန်ခွဲခန့်ကို ကမ္ဘောဒီးယားသို့ ယူဆောင်ကာ ထိုမှတစ်ဆင့် ထိုင်ဝမ်သို့ မှောင်ခိုပို့ဆောင်ရန် စီစဉ်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်းနှင့် တရားခံအားလုံးကို ပြင်းထန်သော ပြစ်ဒဏ်များဖြင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

9