back

ဟင်္သာတတွင် ကျောင်းသားများကို အိမ်သာနံရံမှ ရွှံ့စေးများ လျှာဖြင့်လျက်ခိုင်းသည့် ဆရာမအား စစ်ဆေးနေ

Feb 04 • 5:05 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဟင်္သာတတွင် ကျောင်းသားများကို အိမ်သာနံရံမှ ရွှံ့စေးများ လျှာဖြင့်လျက်ခိုင်းသည့် ဆရာမအား စစ်ဆေးနေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ အလက လက်ပံစု (နောက်) ကျောင်းမှ အလယ်တန်းပြဆရာမ တစ်ဦးဖြစ်သူ ဒေါ်မြမြသွယ်သည် ကျောင်းအိမ်သာနံရံရှိ ရွှံ့စေးများကို ကျောင်းသား ၃၀ ကျေ...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ အလက လက်ပံစု (နောက်) ကျောင်းမှ အလယ်တန်းပြဆရာမ တစ်ဦးဖြစ်သူ ဒေါ်မြမြသွယ်သည် ကျောင်းအိမ်သာနံရံရှိ ရွှံ့စေးများကို ကျောင်းသား ၃၀ ကျော်အား လျှာဖြင့်လျက်ခိုင်းကာ ပြန်မပြောရန် ခြိမ်းခြောက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ဇန်နဝါရီ ၃၀ ရက်က ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်ကို မိဘများက မကျေနပ်၍ တိုင်ကြားခဲ့သဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် နှစ်ဆုံးစာမေးပွဲများ ရှိနေသဖြင့် စစ်ဆေးမှုကို ခေတ္တဆိုင်းငံ့ထားသော်လည်း စာမေးပွဲပြီးပါက ခရိုင်အဆင့် တာဝန်ရှိသူများက ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24