၂၀၂၆ ခုနှစ်၏ မုတ်သုံမိုးသည် ပုံမှန်ထက်စော၍ မေလ ၁၅ ရက်မတိုင်မီ ဝင်ရောက်လာနိုင်ပြီး ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် အတော်များများတွင် မေလအတွင်း မိုးရေချိန် ပုံမှန်ထက် ပိုများနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။ ယင်းသို့ မိုးဦးစောခြင်းသည် မေလတွင် စပါးရင့်မှည့်ရိတ်သိမ်းမည့် နွေစပါးစိုက်ခင်းများအတွက် အဓိကစိန်ခေါ်မှု ဖြစ်လာနိုင်ပြီး၊ မိုးစပါးအတွက် ပျိုးထောင်ချိန်နှင့် ကြဲခင်းများတွင်လည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များက တောင်သူများအနေဖြင့် ဆုံးရှုံးမှုရှောင်လွှဲနိုင်ရန် မိုးလေဝသသတင်းများကို အမြဲမပြတ် စောင့်ကြည့်ပြီးမှသာ စိုက်ပျိုးချိန်ကို စနစ်တကျ ရွေးချယ်သင့်ကြောင်း အကြံပြုထားကြသည်။
Feb 04 • 4:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


