back

အစာအိမ်မကောင်းသူများအမျှင်ဓာတ်စားခြင်းသည် ဒဏ်ရာကိုကော်ဖတ်တိုက်သလိုဖြစ်နေသည်ဟု အထူးကုသတိပေး

Feb 04 • 4:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အစာအိမ်မကောင်းသူများအမျှင်ဓာတ်စားခြင်းသည် ဒဏ်ရာကိုကော်ဖတ်တိုက်သလိုဖြစ်နေသည်ဟု အထူးကုသတိပေး

အမျှင်ဓာတ်ဟာ အစာခြေခြင်းအတွက် ကောင်းတယ်လို့ လူတွေ ယူဆထားပေမယ့် အစာအိမ်အူရောင်သူတွေအတွက်တော့ သွေးထွက်ဒဏ်ရာကို ကော်ဖတ်တိုက်သလို ဖြစ်နေလိမ့်မယ်လို့ အူလမ်းကြောင်း...

အမျှင်ဓာတ်ဟာ အစာခြေခြင်းအတွက် ကောင်းတယ်လို့ လူတွေ ယူဆထားပေမယ့် အစာအိမ်အူရောင်သူတွေအတွက်တော့ သွေးထွက်ဒဏ်ရာကို ကော်ဖတ်တိုက်သလို ဖြစ်နေလိမ့်မယ်လို့ အူလမ်းကြောင်းနဲ့ ဟော်မုန်းဆရာ ဒေဗီတာဆိုင်းက အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။ အရင်ဆုံး အူကို တည်ငြိမ်အောင် ပြုလုပ်ပြီးမှ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို ခံနိုင်ရည်ရှိလာမယ်လို့ ဆိုပါတယ်။ အူနံရံတွေ ရောင်ချင်တဲ့အခါ လှုပ်ရှားမှုနှေးသွားပြီး အမျှင်တွေက အနည်ထိုင်အချဉ်ပေါက်ကာ လေပွတာတွေ ဖြစ်စေတယ်လို့ ဝေါ့ခ်ဟတ်ဒ်ဆေးရုံမှ အစာအိမ်အူလမ်းကြောင်းအထူးကု စိုင်ပရာဆက်ဂီရစ်ရှ်လက်ဒ်ကလည်း ပြောပါတယ်။ ဒါကြောင့် အချို့လူတွေ အရွက်သုပ်၊ ပဲနီလေး၊ အမျှင်များတဲ့ စားစရာတွေ စားတဲ့အခါ ပိုဆိုးစေတာဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

28