back

ပြည်ထောင်စုနေ့အထိမ်းမှတ် ဖြင့်MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကို အခြေပြုပြီးဆောင်ရွက်နိုင်မည့်ပြကွက်များ ပြသမည်

Feb 04 • 4:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်ထောင်စုနေ့အထိမ်းမှတ် ဖြင့်MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကို အခြေပြုပြီးဆောင်ရွက်နိုင်မည့်ပြကွက်များ ပြသမည်

ပြည်ထောင်စုနေ့အထိမ်းမှတ် ဖြင့် MSMS ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူရင်ပြင်၌ ဖေဖေါ်ဝါရီ (၈) ရက်ကနေ ၁၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိပ္ပံန...

ပြည်ထောင်စုနေ့အထိမ်းမှတ် ဖြင့် MSMS ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ပြည်သူရင်ပြင်၌ ဖေဖေါ်ဝါရီ (၈) ရက်ကနေ ၁၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ပြပွဲတွင် သိပွံနှင့် နည်းပညာဝန်ကြီးဌာနမှ ဝင်ရောက်ပြသမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေပြုသည့် စက်မှုကုန်ကြမ်းလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် AI နည်းပညာကို အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ပြကွက်များပါဝင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး က ပြောသည်။ဝန်ကြီးဌာန အနေဖြင့် Digital Corner ပြခန်းကို ထည့်သွင်းပြမည်ဖြစ်ပြီး AI နည်းပညာကို အသုံးပြုသည့် ပြကွက်များပါဝင်မည်ဖြစ်သကဲ့သို့ ပြကွက် (၁၀) ခု ထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။AI နည်းပညာအသုံးပြုပြီး MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်ထိရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ပတ်သက်သည့် ပြခန်းပြကွက်များကိုလည်း ထည့်သွင်းထားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

27