အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်း ယူထားသော နိုင်ငံကူးလက်မှတ် (Passport) နှင့် ဗီဇာ(Visa) ဝန်ဆောင်မှုများကို အခြေအနေ ခွင့်ပြုချက်အရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန် သံရုံး - ရန်ကုန်က ထုတ်ပြန်အသိပေးထားသည်။လက်ရှိတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ်ဒေါက်ဂလပ်စ် အီးဆောန်နစ် ကတာဝန်ယူလျက်ရှိပြီး ဇန်နဝါရီ လယ်ပိုင်းမှ စတင်၍ တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း သိရသည်။အမေရိကန်သံရုံး၏ အသိပေးချက်၌ ဘဏ္ဍာငွေလျာထားမှုအတည်ပြုချက်မရသေးသည့် ကြားကာလ (lapse in appropri-ations) တွင်ပုံမှန်လုပ်ငန်းဆောင် တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးသည့်အတွက်ကြောင့် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်းအချက်အလက်များမှအပ သံရုံး၏ Facebook အကောင့်တွင် အကြောင်းအရာ အသစ်များထပ်မံတင်မည်မဟုတ်ကြောင်း အသိပေးထားသည်။
အမေရိကန်သံရုံးတွင် ရက်ချိန်းယူထားသောနိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုထုတ်ပြန်
Feb 04 • 3:38 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


